ရန်ကုန်

တည္ေနရာလိပ္စာ

ဗီဇာလက်ခံခြင်းစင်တာ

အခန်းအမှတ် (၅၁၂) ၅လွှာ၊လှည်းတန်းစင်တာ

ပြည်လမ်းနှင့် လှည်းတန်းလမ်းထောင့်၊ ကမာရွတ်မြို့နယ်

ရန်ကုန်၊ မြန်မာနိုင်ငံ

ဖွင့်ချိန်

အလုပ်ချိန်တနလင်္ဂါနေ့မှ သောကြာနေ့အထိမနက် ၈:၃၀ မှ ညနေ ၄:၃၀
ပတ္စပိုဒ္ျပန္လာထုတ္ခ်ိန္တနလင်္ဂါနေ့မှ သောကြာနေ့အထိမနက် ၈:၃၀ မှ ညနေ ၄:၃၀
၀င္ေရာက္စံုစမ္းနိုင္ေသာအခ်ိန္တနလင်္ဂါနေ့မှ သောကြာနေ့အထိမနက် ၈:၃၀ မှ ညနေ ၄:၃၀

သင်သိရှိရန်လိုအပ်သောအချက်များ

စင်တာ၌

ဗီဇာလက်ခံဌာနသို့ရောက်ရှိပါက

သင်နှင့်အတူယူဆောင်လာရနသငျနှ

သင်နှင့်အတူယူဆောင်လာရန်များကိုသိရှိရနသငျ

ရက်ချိန်းယူရန်ရ

ရက်ချိန်းအချိန်ဇယားရေးဆွဲရန်ရက

အပိုထပ်ဆောင်းဝန်ဆောင်မူ

ပိုမိုအဆင်ပြေပြီးပိုမိုသက်သောင့်သက်သာရှိသည့် လျှောက်လွှာ ကိုခံစားပါ

အထောက်အကူအစ္စည်းများထားရှိခြင်း

အထောက်အကူအစ္စည်းများထားရှိခြင်း

ဗီဇာစင်တာများတွင် ၀ှီးချဲအသုံးပြုရသူများနှင့် လှုပ်ရှားရန်အထောက်အကူလိုအပ်သူများအတွက် အဆင်ပြေစေရန်စီစဉ်ထားရှိထားပါသည်။ လှုပ်ရှားရန်အထောက်အကူလိုအပ်သောသူများအနေဖြင့် အဖော်အားခေါ်ဆောင်လာနိုင်ပါသည်။ ဓာတ်လှေကားများကိုလည်းအဆင်ပြေစေရန်ထားရှိပေးထားပါသည်။ VFS Global မှဝန်ထမ်းများအနေဖြင့်လည်းကူညီဆောင်ရွက်ပေးရန်အသင့်ရှိနေပါသည်။

လုံခြုံရေး စည်းကမ်းချက်များ

၁။ ဗီဇာ လျှောက် လွှာစင်တာ (VAC) သို့ ဝင်ရောက်ခွင့် ပေးထားသောသူများမှာ ဗီဇာ လျှောက်ထားသူများ နှင့် ကနေဒါဗီဇာ လျှောက်ထားခြင်းဆိုင်ရာ အချက်အလက်များကို မေးမြန်းလိုသူများသာ ဖြစ်ပါသည်။

အောက်ပါတို့ကိုသာ ခြွင်းချက်အဖြစ် ခွင့်ပြုပေးပါသည်–

  • အသက်မပြည့်သေးသော ကလေးငယ်များ — မိဘ သို့မဟုတ် အုပ်ထိန်းသူတစ်ဦးနှင့် လိုက်ပါရမည် (VAC စင်တာမှ ဝန်ထမ်းများမဖြစ်ရပါ)

  • အသက်ကြီးသူများ သို့မဟုတ် ကျန်းမာရေး/ခန္ဓာကိုယ်အခြေအနေများကြောင့် အကူအညီလိုအပ်သူများ - စင်တာ ရောက်သောအခါ လုံခြုံရေးဝန်ထမ်း သို့မဟုတ် VAC စင်တာမှ ဝန်ထမ်းများကို အသိပေးပါ။

၂။ မိုဘိုင်းဖုန်းများကို စင်တာ ထဲသို့ ယူဆောင်ခွင့်ရှိသော်လည်း silent mode သို့မဟုတ် vibrate mode တွင်သာ အချိန်ပြည့် ထားရမည်။ စင်တာထဲသို့ မဝင်မီ မိုဘိုင်းဖုန်းကို ဖွင့်ပြရန် တောင်းဆိုခံရနိုင်ပါသည်။ ဖွင့်ပြ၍မရသော ကိရိယာများကို ခွင့်မပြုပါ။ စင်တာမှပေးသော ဝန်ဆောင်မှုများကို လက်ခံသည့်အချိန်တွင် မိုဘိုင်းဖုန်းကို အိတ်ထဲသို့ ထည့်ထားရမည်။

၃။ ခေါင်းတပ်ဖုန်း၊ ခေါင်းတပ်မိုင်ခရိုဖုန်း၊ နားကြပ်များ၊ လပ်တော့များ၊ တက်ဘလက်များကို ကိုယ်ပိုင်အိတ်ထဲတွင် ထည့်သယ်ဆောင်နိုင်ပြီး စင်တာအတွင်း အသုံးပြုခွင့်မရှိပါ။ စင်တာမှပေးသော ဝန်ဆောင်မှုများကို လက်ခံသည့်အချိန်တွင် လည်း အိတ်ထဲသို့ ထည့်ထားရမည်။

ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်း၊ အသံသွင်းခြင်းတို့ကို မည်သည့်အခြေအနေမျိုးမှာမဆို ခွင့်ပြုမထားပါ။

လူတစ်ဦးလျှင် လေကြောင်းခရီးသည် ခရီးဆောင်အိတ် တစ်ခုသာ ယူဆောင်ဝင်ခွင့်ပေးထားပါသည် (အရွယ်အစား – 55 cm x 35 cm x 20 cm / 21.5” x 13.5” x 8”)။ အရွယ်အစားကြီးမားသော အိတ်များကို စင်တာ ထဲသို့ ခွင့်မပြုပါ။ သင်ကိုယ်တိုင် အခြားနေရာတွင် သိမ်းဆည်းရမည်။

ဆေးလိပ်သောက်သည့် ပစ္စည်းများဖြစ်သော မီးခြစ်၊ မီးခြစ်ဆံ၊ အီလက်ထရွန်းနစ် ဆေးလိပ်များကို စင်တာအဆောက်အဉီး အတွင်း၊ အရေးပေါ်ထွက်ပေါက်များ အနီးအနား၊ အဆောက်အအုံ ၀င်ပေါက်များနှင့် ထွက်ပေါက်များ အနီးအနားတွင်ပါ ယူဆောင်ဝင်ခွင့် မပြုပါ။

လုံခြုံရေးအရ စင်တာထဲသို့ ယူဆောင်ခွင့်မပြုသည့် ပစ္စည်းများမှာ

  • ချွန်ထက်သည့်ပစ္စည်းများ - ဉပမာ ကတ်ကြေး၊ အိတ်ဆောင်ဓားများ၊ အလားတူ ပစ္စည်းများ

  • လက်နက်များ၊ လက်နက်နဲ့ ဆင်တူသော ပစ္စည်းများ၊ သို့မဟုတ် ပေါက်ကွဲနိုင်သော/ မီးလောင်လွယ်သော ပစ္စည်းများ - ဥပမာ အဲရိုဆောလ်များ၊ ဓာတ်ငွေ့ နှင့် ဓာတ်ဆီ စသည့် ပစ္စည်းများ

  • ဝေါ်ကီတော်ကီ ရေဒီယိုများ၊ ပေဂျာများ သို့မဟုတ် ထုတ်လွှင့်ရေးကိရိယာများကဲ့သို့သော ဆက်သွယ်ရေးကိရိယာများ

  • လုံခြုံရေးဝန်ထမ်းများ၏ ဆုံးဖြတ်ချက်အရ အခြားပစ္စည်းများကိုလည်း တားမြစ်နိုင်ပါသည်။

ဗီဇာလျှောက်ထားရေးဌာနသည် တားမြစ်ထားသော ပစ္စည်းများကို သိမ်းဆည်းပေးမည် မဟုတ်ပါ။ ထိုပစ္စည်းများကို ဘေးကင်းလုံခြုံစွာ သိမ်းဆည်းရန် သင်ကိုယ်တိုင် စီမံခန့်ခွဲရမည်ဖြစ်သည်။

အချို့သော ဗီဇာလျှောက်ထားရေးဌာနများတွင် လက်ကိုင်ပစ္စည်း သိုလှောင်ခန်းများ သို့မဟုတ် လော့ကာများကို ငွေကြေးပေးသုံးဆွဲနိုင်သည့် ဝန်ဆောင်မှုများ ပေးထားနိုင်ပါသည်။ သို့သော် ထိုဝန်ဆောင်မှုများကို တားမြစ်ထားသော ပစ္စည်းများ သိမ်းဆည်းရန် အသုံးပြုခွင့်မရှိပါ။ သင်သွားမည့်အချိန် မတိုင်မီ စင်တာဝန်ထမ်းများထံတွင် စုံစမ်းမေးမြန်းပါ။

ရှာဖွေစစ်ဆေးမှု

လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းမှုအရ၊ လိုအပ်သည့်အခါများတွင် X-ray စကင်နာများ၊ သံလိုက်စကင်နာများ နှင့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများကို အသုံးပြု၍ လျှောက်ထားသူများနှင့် လာရောက်သူများ၏ အိတ်များကို စစ်ဆေးခြင်းနှင့် ကိုယ်ရေးကိုယ်တာ စစ်ဆေးခြင်းများ ကို သင့်တော်သည့်အလျောက် ကျွန်ုပ်တို့ ပြုလုပ်ခွင့် ရှိပါသည်။

ယဉ်ကျေးစွာ အသိပေးခြင်း

ကျွန်ုပ်တို့၏ ဝန်ထမ်းများသည် အလွဲသုံးစားပြုမှုများ သို့မဟုတ် ကြောက်ရွံ့အောင် လှုံ့ဆော်ခြင်းများအပါအဝင် မည်သည့်အနိုင်ကျင့်မှုပုံစံကိုမဆို ကြောက်ရွံ့ခြင်းမရှိဘဲ အလုပ်လုပ်ခွင့် ရှိပါသည်။ ဝန်ထမ်းများကို ထိတ်လန့်ဖွယ် ပြောဆိုမှုများ သို့မဟုတ် အပြုအမူများ၊ ညံ့ဖျင်းသော စကားပြောဆိုမှုများကို မည်သည့်အခြေအနေအောက်တွင်မဆို ခွင့်မပြုပါ။