အလုပ်အကိုင်လိမ်လည်ကမ်းလှမ်းမှုများသတိပြုပါ
လိမ်လည်အလုပ်ခန့်အပ်ခြင်း (သို့မဟုတ်) အလုပ်အကိုင်ကမ်းလမ်းမှုများ
ပုဂ္ဂိုလ်ရေးအချက်အလက်များကိုခိုးယူရန် (သို့မဟုတ်) လူများထံမှငွေတောင်းခံရန်ရည်ရွယ်ချက်ဖြင့် VFS Global ၏ ကိုယ်စားလှယ် (သို့မဟုတ်) ကိုယ်စားလှယ်သည် လူပုဂ္ဂိုလ် များအားလိမ်လည်၍ မှားယွင်းသောအလုပ်အကိုင်အခွင့်အလမ်းများပေးရန်လူတို့အားချဉ်းကပ်လာသည်ကို VFS Global မှသတိပြုမိလာသည်။ အလုပ်အကိုင်ကမ်းလှမ်းမှုများနှင့် ပတ်သက်၍ ငွေကြေးတစ်စုံတစ်ရာတောင်းခံမှုရှိနိုင်သည်ကို သတိပြုရန်လိုအပ်ပါသည်။ ထိုကမ်းလှမ်းချက်များသည် လိမ်လည်မှုများသာဖြစ်ပြီး VFS Global သည် အလုပ်အကိုင် ရှာဖွေရေး ၀န်ဆောင်မှုအင်ဂျင်စီမဟုတ်ပါ။ ထိုကဲ့သို့သောလိမ်လည်မှုများကို သတိပြုရန် နိုးဆော်လိုက်ပါသည်။.
ကျွန်ုပ်တို့သည် အစိုးရနှင့် သံတမန်ရေးရာမစ်ရှင်အဖွဲ့နှင့်သာအလုပ်လုပ်ပြီး ဗီဇာလျှောက်ထားမှုအတွက် လိုအပ်သောစီမံခန့်ခွဲမှုကို သာဆောင်ရွက်သောကုမ္ပဏီဖြစ်ပါသည်။ VFS Global သာမက ၄င်း၏ ကိုယ်စားလှယ်များသည် မည်သူတစ်ဦးတစ်ယောက်ပေါ်မဆို မည့်သည့်အခြေအနေတွင်မျှ အလုပ်အကိုင်အခွင့်အလမ်းအကြောင်းပြပြီး လိမ်လည်ငွေတောင်းခံခြင်းကို မပြုလုပ်ပါ။ ထိုကမ်းလှမ်း ချက်များကို VFS Global မှရရှိပါက လိမ်လည်သော ကမ်းလှမ်းမှုသာဖြစ်သည်။.;
အောက်ပါလိမ်လည်မှုသာဓကများသည် VFS Global၏ လုပ်ငန်းကို ဟန့်တားနှောင့်နှေးစေသော လိမ်လည်မှုလက္ခများဖြစ်သည်။:
• တရားဝင် VFS Global Email မှမဟုတ်ပဲ Homail, Gmail, Outlook, Yahoo အစရှိသောမေးလ်များမှတစ်ဆင့်ပို့ခြင်းနှင့် အီးမေးလ်လိပ်စာအတုဖြင့်ပို့ခြင်း.
• သင်၏ကိုယ်ရေးအချက်အလက်များကို ဖော်ပြစေလိုခြင်း
• ဖုန်းသို့မဟုတ် Messager မှတစ်ဆင့်အင်တာဗျူးနိုင်ခြင်း.
• ငွေကြေးတောင်းခံနိုင်ခြင်း.
• အလုပ်အကိုင်ဗီဇာလျှောက်လွှာ သို့မဟုတ် အတုအယောင်အလုပ်အကိုင်စာရွက်စာတမ်းကဲ့သို့သော လျှောက်လွှာ (VFS Global ၏ အမည်နှင့် တံဆိပ် (Logo) ကိုတရားမ၀င် အသုံးပြုထားသောစာရွက်စာတမ်းများ) ကိုတောင်းခံခြင်း.
• အရေးတကြီးတောင်းဆိုခြင်း.
• ဗီဇာလျှောက်လွှာနှင့် အလုပ်ပါမစ်လုပ်ငန်းစဉ်အတွက် ငွေကြေးတောင်းခံခြင်း.
ထိုကဲ့သို့သောလုပ်ဆောင်မှုများသည် လိမ်လည်ခံရမည့်သူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များရရှိရန်အတွက် လှည့်စားရန်ရည်ရွယ်ခြင်းဖြစ်သည်။ VFS Global သည်ဤကိစ္စကိုအလေးအနက်ထားပြီး ထိုကဲ့သို့သောတရားမ၀င်လုပ်ဆောင်မှုများအား စုံစမ်းစစ်ဆေးရန်အတွက် အရည်အချင်းရှိသောတရားဥပဒေစိုးမိုးမှုဆိုင်ရာ အင်ဂျင်စီများ ကိုဆက်သွယ်ခြင်းသည်မှန်ကန်နေသော်လည်း ၄င်းပုဂ္ဂိုလ်များကိုရှာဖွေရန်နှင့် တရားစွဲဆိုရန်ခက်ခဲလေ့ရှိသည်။.
သင်သည် စာတွေ့ဖြစ်စေ နုတ်ဖြင့်ဖြစ်စေ အင်တာဗျူးဖြေရန် သို့မဟုတ် အလုပ်ကမ်းလှမ်းချက်များသည် လိမ်လည်မှုဟုသံသယရှိပါက ဂြင်းဆိုလိုက်ပါ။ အောက်ပါလိပ်စာသို့ ဆက်သွယ်အတည်ပြုနိုင်ပါသည်။ [email protected]
လိမ်လည်ခံရသည်ကို သိရှိပါက သင်၏ဒေသခံရဲ သို့မဟုတ် အရည်အချင်းရှိ အာဏာပိုင်များသို့ဆက်သွယ်အကြောင်းကြားရန်နှင့် အောက်ပါလိပ်စာသို့လဲသတင်းပေးနိုင်ပါသည်။ [email protected]
အခွင့်အာဏာမရှိသော သို့မဟုတ် လုပ်ဆောင်ချက်တို့ထံမှဖြစ်ပေါ်လာသောမည်သည့် ပျက်စီးဆုံးရှုံးမှု၊ အဆင်မပြေမှုနှင့် ကုန်ကျစရိတ်တို့ကို VFS Global မှတာဝန်ယူမည်မဟုတ်ပါ။.
VAC တွင်ပေးထားသောဝန်ဆောင်မှုများအတွက်ဝန်ဆောင်ခ
| ဝန်ဆောင်မှုဈေးနှုန်း (လျှောက်ထားသူတစ် ဦး လျှင်) | CAD ငွေပမာဏ (VAT အပါအ ၀ င်) | အမေရိကန်ဒေါ်လာရှိငွေပမာဏ (VAT အပါအဝင်) |
|---|---|---|
မိတၱဴဝန်ဆောင်မှုများ - တစ်မျက်နှာချင်းဈေးနှုန်း | $0.33 | 0.20 |
ကွန်ပျူတာမှစာရွက်ထုတ်ယူမှု တစ်မျက်နှာနှုန်း | $0.64 | 0.40 |
စာတိုဝန်ဆောင်မှု | $3.00 | 2.00 |