မသက်ဆိုင်ကြောင်းရှင်းလင်းချက်နှင့်ကိုယ်ရေးမူဝါဒ

မသတ်ဆိုင်ကြောင်းရှင်းလင်းချက်နှင့်ကိုယ်ရေးမူဝါဒ

မသတ်ဆိုင်ကြောင်းရှင်းလင်းချက်

အောက်ဖော်ပြပါပြဌာန်းချက်သည် ကနေဒါဗီဇာဌာနတွင် လူကိုယ်တိုင်ဖြစ်စေ စာဖြင့်ဖြစ်စေရွေးချယ်ရန်သို့မဟုတ် ရွေးချယ်ရန်ရည်ရွယ်ထား သောလျှောက်ထားသူအားလုံးအတွက်အကျုံးဝင်သည်။.

VFS Worldwide Holdings Ltd သည်ကနေဒါနိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုကြီးကြပ်ရေး (IRCC)၏ ပြင်ပ၀န်ဆောင်မှုပေးသောကုမ္ပဏီဖြစ်သည်။ ထိုစွမ်းဆောင်ရည်အတွက် VFS သည် ၄င်း၏လုပ်ငန်းခွဲများ သို့မဟုတ်လုပ်ဖော်ကိုင်ဖက်များမှတဆင့် ကနေဒါနိုင်ငံ၏ ယာယီနေထိုင်ခွင့်ဗီဇာ၊ ပါမစ်နှင့် ခရီးသွားလာခွင့်ကဒ်များသို့သော ၀န်ဆောင်မှုများကို စီမံဆောင်ရွက်ပေးရန် အခွင့်အာဏာရှိသည်။ ပေးဆောင်ထားပြီးသား VFS ၏ ၀န်ဆောင်ခကျသင့်ငွေများကို မည့်သည့်အကြောင်းကြောင်းကြောင့်မဆို ပြန်လည်ပေးအပ်မည်မဟုတ်ပါ။

လိုအပ်သော ဗီဇာလျှောက်ထားခြင်းဆိုင်ရာဆုံးဖြတ်ချက်အတွက် လူတွေ့မေးမြန်းခြင်း၊ စာရွက်စာတမ်းအချက်အလက်များတောင်းခံခြင်းများကို လျှောက်ထားသူမှ အသိအမှတ်ပြုလက်ခံဆောင်ရွက်ပေးရပါမည်။.

VFS မှတာဝန်ယူဆောင်ရွက်၊ အာမခံခြင်းမရှိသောအရာများ:

က. လျှောက်လွှာ၏ရလဒ်အဖြေများ

ခ. ဗီဇာလျှောက်ထားမှုမှ ငြင်းဆိုခံရခြင်း၊ လုပ်ငန်းစဉ်ကြန့်ကြာခြင်းမှ ဖြစ်ပေါ်လာသော နောက်ဆက်တွဲကိစ္စရပ်များအပေါ် VFS သည် တာဝန်ယူမည်မဟုတ်ပါ.

ပတ်စ်ပို့အပါ တခြားလိုအပ်သောစာရွက်စာတမ်းများစီစဉ်ဆောင်ရွက်ရာတွင် သတိရှိစွာဆောင်ရွက်သော်ငြားလည်း လျှောက်ထားသူသို့ ထိခိုက်လာစေမည့်အောက်ပါအကြောင်းရင်းများအတွက် VFS မှတာဝန်ရှိမည်မဟုတ်ပါ

၁. ကနေဒါဗီဇာဌာနနှင့် ၄င်း၏စာချုပ်ပါအဖွဲ့ဝင်များမှ ပတ်စ်ပို့နှင့် စာရွက်စာတမ်းများစီမံခြင်း

၂. လျှောက်ထားသူများအသုံးပြုသောဝန်ဆောင်မှုများ

၃. သဘာဝဘေးဒဏ်များ

၎. မတော်တဆမှုနှင့် ခိုးယူခံရမှုများ

၅. ကနေဒါဗီဇာဌာနနှင့် ၄င်း၏စာချုပ်ပါအဖွဲ့ဝင်များအကြား အခြေအနေတစ်ခုခု

သင်၏ ပတ်စ်ပို့ ကိုစာပို့ဝန်ဆောင်မှုဖြင့်သယ်ယူစဉ်တွင်ဖြစ်စေ၊ ကနေဒါဗီဇာဌာန(VFS)တွင်ရှိနေစဉ်ဖြစ်စေ၊ တရားဝင်ခွင့်ပြုထားသည့် စာချုပ်အဖွဲ့ဝင်များသည်ပျောက်ဆုံးနေသော(သို့) ပျက်စီးသွားသော နိုင်ငံကူးလက်မှတ်များနှင့် ဗီဇာများကိုသာမန်လျှောက်လွှာတင်ခြင်းလုပ်ထုံးလုပ်နည်းဖြင့် အစားထိုးခြင်းအတွက်သက်ဆိုင်ရာအာဏာပိုင်များတရားဝင်ပေးဆောင်ခများကိုပြန်လည်ပေးအပ်ရန်ကန့်သတ်ထားသည်။ ကနေဒါဗီဇာဌာန(VFS) သည်လျှောက်ထားသူများ၏ ပတ်စ်ပို့နှင့် စာရွက်စာတမ်းများ ပျက်စီးပျောက်ဆုံးမှုများဖြစ်ပေါ်လာပါက တာဝန်ယူမည်မဟုတ်ပါ။.

ဝက်ဆိုဒ်စာမျက်နှာနှင့် ဗီဇာလျှောက်လွှာဌာနမှ ၀န်ဆောင်မှုအတွက်ကျသင့်သော ၀န်ဆောင်ခကို ပြန်လည်ပေးဆောင်မည်မဟုတ်ပါ။.

VFS တွင်လျောက်ထားသူများဝင်ရောက်လိုသော လင့်ခ်များအားချိတ်ဆက်ထားသော လင့်ခ်များရှိပါသည်။ VFS အနေဖြင့် ထိုဝက်ဆိုက်ဒ်များတွင် ထိန်းချုပ်ခြင်းများ မပြုလုပ်ပါ။ သင်သည် ထိုသို့သောလင့်ခ်များကိုရောက်ရှိပါက ထိုလင့်ခ်၏စည်မျည်းများကိုသိရှိရန်လိုအပ်ပါသည်။ VFS ၏စာချုပ်အဖွဲ့ဝင်များအနေဖြင့် လမ်းညွှန်ချက်များ၊ အခွင့်အာဏာများ၊ ပြောင်းလဲမှုများပြုလုပ်နိုင်မည်မဟုတ်ပါ။.

ထိုသို့သောအခြေအနေများကို ဒေသဆိုင်ရာဥပဒေများက အစဉ်အလာတိုင်းအုပ်ချုပ်ရမည်ဖြစ်သည်။ထိုအခြေအနေမှပေါ်ပေါက်လာသော အငြင်းပွားမှုများကိုဒေသန္တရတရားရုံးများ၏သီးသန့်စီရင်ပိုင်ခွင့်သို့တင်သွင်းရမည်။.

 

ကိုယ်ရေးမူဝါဒ

1. မိတ်ဆက်ခြင်း

VFS Global (VFS) သည် လူဝင်မှုကြည့်ကြပ်ရေးနှင့် နိုင်ငံသာခံယူနိုင်ရေးဌာန(IRCC) မှ အလည်ဗီဇာ၊ အခြားဝင်ခွင့်နှင့် ခရီးသွားလျှောက်လွှာများအတွက် လက်ခံဆောင်ရွက်ပေးနေသော ဌာနတစ်ခုဖြစ်ပါသည်။ ထိုမူဝါဒသည် ဗီဇာနှင့် ပါမစ်လျှောက်ထားသူ၏ကိုယ်ရေးအချက်များကိုကောက်ခံခြင်း၊ အသုံးပြုခြင်းနှင့် ဖော်ပြခြင်းများကို ပြုလုပ်ကာ သက်ဆိုင်ရာဌာနများဆီသို့ဆက်လက်လုပ်ဆောင်ရန်လိုအပ်သည်များအတွက် ပေးပို့ကူညီပေးနေသောအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။.

2. လွှမ်းခြုံမှု

ဤပုဂ္ဂိုလ်ရေးဆိုင်ရာ အသိပေးချက်သည် VFS Globalက ဆောင်ရွက်ပေးသည့် အောက်ဖော်ပြပါ ထပ်ဆောင်း ဝန်ဆောင်မှုများ ပေးအပ်ခြင်းနှင့် သက်ဆိုင်ပါသည်။

ဗီဇာလျှောက်ထားသည့်လုပ်ငန်းစဉ်” နှင့် ဆက်စပ်၍ IRCCက သင့်ကိုယ်ရေးကိုယ်တာ ဒေတာများကို ရယူအသုံးပြုပုံနှင့် ပတ်သက်သော အချက်အလက်များကို သိရှိလိုပါက သက်ဆိုင်ရာ လျှောက်လွှာပုံစံ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အသိပေးချက် သို့မဟုတ် ထုတ်ဖော်ပြောကြားချက် အခန်းတွင်ဖြစ်စေ၊ ၎င်းတို့၏ ဝက်ဘ်ဆိုက် တွင်ဖြစ်စေ ဝင်ရောက်ကြည့်ရှုပါ။

ထပ်ဆောင်း ဝန်ဆောင်မှုများ

ဤပုဂ္ဂိုလ်ရေးဆိုင်ရာ အသိပေးချက်နှင့်အကျုံးဝင်သော VFS Global က ပေးအပ်သည့် ထပ်ဆောင်း ဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

• ဗီဇာလျှောက်ထားသည့်စင်တာ (VAC)တွင် ရက်ချိန်းရယူစီစဉ်ပေးခြင်း။ • လျှောက်လွှာ/စာရွက်စာတမ်း ခြေရာခံခြင်းနှင့် လွှဲပြောင်းခြင်း။ • ကိုယ်တိုင်ဆောင်ရွက်ရသည့် ဗီဇာလျှောက်ထားမှု နေရာများ စီစဉ်ထားရှိပေးခြင်း။ • စာရွက်စာတမ်း ပေးပို့သည့် ဝန်ဆောင်မှုများ။

ယင်းတို့ကို ယခုမှစ၍ (“ဝန်ဆောင်မှုများ”) ဟု ခေါ်ဆိုပါမည်။

ဝန်ဆောင်မှုများ” အတွက် သင်၏ကိုယ်ရေးကိုယ်တာ ဒေတာများ မဖြစ်မနေ ပေးအပ်ရန် မဟုတ်သော်လည်း လိုအပ်သော ကိုယ်ရေးကိုယ်တာ ဒေတာများ မပေးအပ်ပါက ထိုဝန်ဆောင်မှုများကို ကျွန်ုပ်တို့ ဆောင်ရွက်ပေးနိုင်မည် မဟုတ်ပါ။

VFS Globalသည် ကနေဒါနိုင်ငံ ပြည်ဝင်ခွင့်၊ ဒုက္ခသည်များနှင့် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာအဖွဲ့အစည်း (IRCC)နှင့် စာချုပ် တရားဝင်ချုပ်ဆိုထားသည့် လုပ်ငန်းတစ်ခုအနေနှင့် “ဗီဇာလျှောက်ထားသည့်လုပ်ငန်းစဉ်” နှင့်ဆက်စပ်၍ ကိုယ်ရေး ကိုယ်တာဒေတာများ ရယူခြင်း၊ အသုံးပြုခြင်း၊ ထုတ်ပြောခြင်း၊ လုံခြုံအောင်ထိန်းသိမ်းခြင်း၊ သိုမှီးထားရှိခြင်းနှင့် စွန့်ပစ်ခြင်းတို့တွင် IRCC၏ ညွှန်ကြားချက်များနှင့် တာဝန်ခံမှုများကို လိုက်နာပါသည်။

VFS Globalကပေးအပ်သည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဤပုဂ္ဂိုလ်ရေးဆိုင်ရာ အသိပေးချက်တွင် အောက်ပါတို့ကို ဖော်ပြထားပါသည်-

  • သင်၏ကိုယ်ရေးကိုယ်တာ ဒေတာများ ရယူအသုံးပြုခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ပိုင်ခွင့်၊

  • သင်၏ကိုယ်ရေးကိုယ်တာ ဒေတာများကို ကိုင်တွယ်ဆောင်ရွက်ရန် တာဝန်ရှိသော သက်ဆိုင်သူများ၊

  • သင်၏ကိုယ်ရေးကိုယ်တာ ဒေတာများကို ကိုင်တွယ်ဆောင်ရွက်ရန် တာဝန်ရှိသော သက်ဆိုင်သူများ၊

  • သင်၏ဒေတာများကို ရယူသည့်အကြောင်းရင်း၊

  • ရယူသည့် ဒေတာများ၊

  • သင်၏ဒေတာများကို ပြည်ပသို့ လွှဲပြောင်းခြင်း၊

  • သင်၏ဒေတာများကို ပြည်ပသို့ လွှဲပြောင်းခြင်း၊

  • သင်၏အချက်အလက်များကို ကျွန်ုပ်တို့က မျှဝေပေးသူများ၊

  • သင်၏ကိုယ်ရေးကိုယ်တာ ဒေတာများနှင့် ပတ်သက်၍ သင်၏တစ်ဦးချင်း အခွင့်အရေးများ၊

  • သင်၏ကိုယ်ရေးကိုယ်တာ ဒေတာများကို ရယူကြည့်ရှုခြင်း သို့မဟုတ် အသစ်ပြင်ဆင်ခြင်း၊

  • သင်၏ဒေတာများကို ကာကွယ်ပေးထားပုံ၊

  • ပုဂ္ဂိုလ်ရေးဆိုင်ရာ စိုးရိမ်မှုများရှိပါက ဆက်သွယ်ရမည့်သူ။

ကျွန်ုပ်တို့သည် ဤအသိပေးချက်ကို အခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲနိုင်ပါသည်။ ထို့ကြောင့် အပြောင်းအလဲ တစ်ခုခုရှိပါက သင်သတိပြုမိစေရန်အတွက် ဤစာမျက်နှာကို မကြာခဏ ဝင်ကြည့်ပေးပါ။

ဤပုဂ္ဂိုလ်ရေးဆိုင်ရာ အသိပေးချက်နှင့် ပတ်သက်၍ မေးစရာတစ်ခုခုရှိပါက ကျွန်ုပ်တို့၏ဒေတာကာကွယ်ရေးအရာရှိကိုဆက်သွယ်လိုက်ပါ။

3. အချက်အလက်ရယူဆောင်ရွက်ရန် လုပ်ပိုင်ခွင့်နှင့် ရည်ရွယ်ချက်

လုပ်ပိုင်ခွင့်-

VFS Global သည် ယာယီနေထိုင်ခွင့်ဗီဇာ၊ ပါမစ်နှင့် ခရီးသွားလာမှု စာရွက်စာတမ်း လျှောက်ထားမှုများ ဆောင်ရွက်ခြင်းနှင့်ဆက်စပ်သော စီမံခန့်ခွဲမှုဆိုင်ရာ ပံ့ပိုးရေးနှင့် ဇီဝအချက်အလက်ရယူရေးကို ဆောင်ရွက်ရန် IRCC က တရားဝင်ခွင့်ပြုထားပါသည်။ IRCCသည် VFS Global က ဗီဇာလျှောက်ထားခြင်း၏ လုပ်ငန်းတစ်ရပ်ဖြစ်သည့် ကိုယ်ရေးကိုယ်တာ ဒေတာများကို ရယူခြင်း၊ အသုံးပြုခြင်းနှင့် ထုတ်ဖော်ပြောဆိုခြင်း ပြုလုပ်မှုကို ကန့်သတ်ထားပါသည်။ ဤလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ဤ လိပ်စာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တစ်ဦးချင်းထံမှ ကိုယ်ရေးကိုယ်တာဒေတာများရယူရန် (တရားဝင်ဖြစ်သော) လုပ်ပိုင်ခွင့်သည် အောက်ပါတို့ကို ဆောင်ရွက်ပေးရန် ဖြစ်ပါသည်-

  • ဗီဇာလျှောက်ထားသည့်စင်တာ (VAC) တွင် ရက်ချိန်းရယူစီစဉ်ပေးခြင်း။

  • လျှောက်လွှာ / စာရွက်စာတမ်း ခြေရာခံခြင်းနှင့် လွှဲပြောင်းခြင်း ဝန်ဆောင်မှုများ။

  • ကိုယ်တိုင်ဆောင်ရွက်ရသည့် ဗီဇာလျှောက်ထားမှု နေရာများ စီစဉ်ထားရှိပေးခြင်း။

IRCC နှင့် VFS Globalတို့အကြားချုပ်ဆိုသော စာချုပ်အစိတ်အပိုင်းတစ်ရပ်အဖြစ် IRCCက ဆောင်ရွက်ပေးပါသည်။

စာရွက်စာတမ်းများ ပေးပို့သည့် စီးပွားရေးဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ရာတွင် သင်နေထိုင်သောနိုင်ငံရှိ ဒေတာအကာအကွယ်ပေးရေး ဥပဒေအရ ခွင့်ပြုပါက သင်၏ကိုယ်ရေးကိုယ်တာ ဒေတာများ ရယူအသုံးပြုခွင့်အနေနှင့် “စာချုပ်အတိုင်းဆောင်ရွက်ခြင်း” ကို ကျွန်ုပ်တို့ တရားဝင်ကျင့်သုံးပါမည်။

နားလည်လွယ်အောင် ရှင်းပြရလျှင် စာရွက်စာတမ်းများ ပေးပို့သည့် ထပ်ဆောင်းဝန်ဆောင်မှုကို သင်ဝယ်ယူသောအခါ ထိုဝန်ဆောင်မှုကို ကျွန်ုပ်တို့က ဆောင်ရွက်ပေးရန်စာချုပ်နှင့် သင်ချုပ်ဆိုပြီးသားဖြစ်သွားပါသည်။ ကိုယ်ရေးကိုယ်တာ ဒေတာအချို့ကို ရယူအသုံးပြုခြင်းမရှိဘဲ ထိုဝန်ဆောင်မှုကို ကျွန်ုပ်တို့မဆောင်ရွက်ပေးနိုင်ပါက ထိုစာချုပ်ချုပ်ဆိုမှုအရ ထိုကိုယ်ရေးကိုယ်တာ ဒေတာများကို ကျွန်ုပ်တို့က ရယူအသုံးပြုရန်အတွက် သင့်ခွင့်ပြုချက် (သဘောတူခွင့်ပြုချက်) ပေးအပ်ပြီးဖြစ်သည်ဟု ဆိုလိုပါသည်။ ဥပမာ၊ ပစ္စည်းပေးပို့သောဝန်ဆောင်မှု ဆောင်ရွက်ပေးနိုင်ရန် ကျွန်ုပ်တို့သည် ပေးပို့ရမည့်လိပ်စာ လိုအပ်ပါမည်။

နားလည်လွယ်အောင် ရှင်းပြရလျှင် စာရွက်စာတမ်းများ ပေးပို့သည့် ထပ်ဆောင်းဝန်ဆောင်မှုကို သင်ဝယ်ယူသောအခါ ထိုဝန်ဆောင်မှုကို ကျွန်ုပ်တို့က ဆောင်ရွက်ပေးရန်စာချုပ်နှင့် သင်ချုပ်ဆိုပြီးသားဖြစ်သွားပါသည်။ ကိုယ်ရေးကိုယ်တာ ဒေတာအချို့ကို ရယူအသုံးပြုခြင်းမရှိဘဲ ထိုဝန်ဆောင်မှုကို ကျွန်ုပ်တို့မဆောင်ရွက်ပေးနိုင်ပါက ထိုစာချုပ်ချုပ်ဆိုမှုအရ ထိုကိုယ်ရေးကိုယ်တာ ဒေတာများကို ကျွန်ုပ်တို့က ရယူအသုံးပြုရန်အတွက် သင့်ခွင့်ပြုချက် (သဘောတူခွင့်ပြုချက်) ပေးအပ်ပြီးဖြစ်သည်ဟု ဆိုလိုပါသည်။ ဥပမာ၊ ပစ္စည်းပေးပို့သောဝန်ဆောင်မှု ဆောင်ရွက်ပေးနိုင်ရန် ကျွန်ုပ်တို့သည် ပေးပို့ရမည့်လိပ်စာ လိုအပ်ပါမည်။

ရည်ရွယ်ချက်-

ဗီဇာလျှောက်ထားမှု မြန်ဆန်ရေးနှင့် အထက်ဖော်ပြပါ ဝန်ဆောင်မှုများ ပေးအပ်ရေးဆိုသော ရည်ရွယ်ချက် တစ်ခုတည်း အတွက်သာ ကိုယ်ရေးကိုယ်တာ ဒေတာများကို ရယူအသုံးပြုပါသည်။ ကျွန်ုပ်တို့သည် သင်၏ကိုယ်ရေးကိုယ်တာ ဒေတာများကို အခြားရည်ရွယ်ချက် တစ်ခုခုအတွက် အသုံးမပြုပါ။

VFSထံသို့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေးအပ်ခြင်းမှာ ဆန္ဒအလျောက်ဆောင်ရွက်ရန် ဖြစ်ပါသည်။ သို့ရာတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ မပေးအပ်လိုကြောင်း ငြင်းဆန်ပါက တောင်းဆိုထားသည့် ဝန်ဆောင်မှုများကို ကျွန်ုပ်တို့က ဆောင်ရွက်ပေးနိုင်စွမ်းအပေါ် အကန့်အသတ်ဖြစ်စေနိုင်ကြောင်း သတိပြုပါ။ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လျှောက်ထားသူထံမှဖြစ်စေ၊ လျှောက်ထားသူ၏ကိုယ်စား လုပ်ပိုင်ခွင့် အပ်နှင်းထားသော ကိုယ်စားလှယ်ထံမှဖြစ်စေ တိုက်ရိုက်ရယူပါသည်။

4. သင်၏ကိုယ်ရေးကိုယ်တာ ဒေတာများကို ကိုင်တွယ်ဆောင်ရွက်ရန် တာဝန်ရှိသည့် သက်ဆိုင်သူများ။

ဗီဇာလျှောက်ထားသည့် လုပ်ငန်းစဉ်-

IRCCသည် ဗီဇာလျှောက်လွှာတွင် လည်းကောင်း၊ သင့်ထံမှရရှိသော ဒေတာများအတွက်လည်းကောင်း သင်၏ဗီဇာလျှောက်ထားမှုကို ဆောင်ရွက်ပေးခြင်းနှင့် ဆက်စပ်၍ သင်ပေးအပ်သော ကိုယ်ရေးကိုယ်တာ ဒေတာများကို အသုံးပြုရန် တာဝန်ရှိပါသည်။ဤဆောင်ရွက်ခွင့်ကို ကနေဒါနိုင်ငံ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ကာကွယ်ရေးနှင့် အီလက်ထရွန်းနစ်စာရွက်စာတမ်း အက်ဥပဒေ (PIPEDA)အရ “လုပ်ငန်းအဖွဲ့အစည်း” ဟု ခေါ်ပါသည်။ ဤဆောင်ရွက်ခွင့်ကို သင်နေထိုင်သောနိုင်ငံအပေါ်မူတည်၍ “ဒေတာရယူသူ”၊ “ဒေတာယုံကြည်အပ်နှံခြင်း” သို့မဟုတ် အလားတူဝေါဟာရများဖြင့် ခေါ်ဆိုပါသည်။

IRCCက သင်၏ကိုယ်ရေးကိုယ်တာ ဒေတာများကို အကာအကွယ်ပေးထားပုံနှင့် ပတ်သက်၍ နောက်ထပ်သိရှိလိုပါက ဤ လိပ်စာ တွင် ဝင်ကြည့်ပါ။

ထပ်ဆောင်း “ဝန်ဆောင်မှုများ” ဆောင်ရွက်ခြင်း-

VFS Global သည် သင့်တောင်းဆိုမှုအရ စာရွက်စာတမ်းပေးပို့ခြင်းကဲ့သို့ ထပ်ဆောင်း “ဝန်ဆောင်မှုများ” ပေးအပ်သောအခါ VFS Global သည် ဤဝန်ဆောင်မှုများနှင့်ဆက်စပ်၍ သင်ပေးအပ်သည့် ကိုယ်ရေးကိုယ်တာ ဒေတာများကို ကိုင်တွယ်ဆောင်ရွက်ရန် တာဝန်ရှိပါသည်။

5. သင်၏ကိုယ်ရေးကိုယ်တာ ဒေတာများကို ကိုင်တွယ်ဆောင်ရွက်ရန် တာဝန်ရှိသည့်သက်ဆိုင်သူများကို မည်သို့ဆက်သွယ်မည်နည်း။

IRCCထံသို့ ဆက်သွယ်ရန် အချက်အလက်များမှာ- 365 Laurier Ave W, Ottawa, ON K1P 6A6, Canada. သို့မဟုတ် ဤ လိပ်စာ မှတစ်ဆင့်ဖြစ်ပါသည်။

VFS Globalထံသို့ ဆက်သွယ်ရန် အချက်အလက်များမှာ-

VF Worldwide Holdings Ltd,

Unit 3205, 32nd Floor,

Jumeirah Business Centre,

1 Tower, Cluster G,

Jumeirah Lakes Towers,

P.O. Box 114100,

Dubai, UAE. သို့မဟုတ် အီးမေးပို့ရန်- ဒေတာကာကွယ်ရေးအရာရှိ

6. သင့်ဒေတာများကို အဘယ်ကြောင့် ရယူသနည်း။

သင်၏ကိုယ်ရေးကိုယ်တာ ဒေတာများကို အောက်ပါတို့အတွက် ရယူပါသည်-

  • ယာယီနေထိုင်ခွင့်ဗီဇာ၊ ပါမစ်နှင့် ခရီးသွားလာမှု စာရွက်စာတမ်း လျှောက်ထားမှုများကို IRCC အတွက် ဆောင်ရွက်ပေးခြင်းနှင့်ဆက်စပ်သော စီမံခန့်ခွဲမှုဆိုင်ရာ ပံ့ပိုးရေးနှင့် ဇီဝအချက်အလက်ရယူရေးကို ဆောင်ရွက်ရန်နှင့်

နှင့်-

  • ဗီဇာလျှောက်ထားမှုစင်တာ (VAC)၌ ရက်ချိန်းကြိုတင်ရယူရန်။

  • သင့်အပေါ်ဆုံးဖြတ်ချက်ကို သင်လာယူသောအခါ သင်မည်သူမည်ဝါဖြစ်ကြောင်း သင့်ပြောဆိုချက်ကို မှန်ကန်ကြောင်းအတည်ပြုရန်။

  • သင့်လျှောက်လွှာ၏ တိုးတက်မှုကို ခြေရာခံနိုင်ရန်။

  • သင်တောင်းဆိုသည့် ထပ်ဆောင်းဝန်ဆောင်မှုများကို သင့်အားပေးအပ်ရန်။

7. ရယူသော အချက်အလက်များ

ရယူနိုင်ဖွယ်ရှိသည့် အချက်အလက်များမှာ။

VFS Global သည် ဗီဇာလျှောက်ထားခြင်းနှင့်ဆက်စပ်သော စီမံခန့်ခွဲမှုဆိုင်ရာ ပံ့ပိုးရေးနှင့် ဇီဝအချက်အလက်ရယူရေးကို ဆောင်ရွက်သောအခါ-

လျှောက်ထားသူများအား ဗီဇာလျှောက်ထားခြင်းအတွက် အောက်ပါတို့အပါအဝင် ကိုယ်ရေးကိုယ်တာ အချက်အလက် အချို့ကို ပေးအပ်ခိုင်းပါသည်-

  • အမည်၊

  • ဓာတ်ပုံ၊

  • လိပ်စာ၊

  • မွေးသက္ကရာဇ်၊

  • ဖုန်းနံပါတ်၊

  • ဖုန်းနံပါတ်၊

  • မွေးစာရင်းလက်မှတ်၊

  • ဝင်ငွေ/ဘဏ္ဍာရေး အချက်အလက်များ၊

  • နိုင်ငံသားဖြစ်မှု အခြေအနေ၊

  • အိမ်ထောင်ရေး အခြေအနေ၊

  • အလုပ်အကိုင် အချက်အလက်များ၊

  • ရာဇဝတ်မှုနောက်ကြောင်း စစ်ဆေးခြင်း

  • ပညာရေးရာဇဝင် အချက်အလက်များ။

  • ပညာရေးရာဇဝင် အချက်အလက်များ။

သင်၏ ဇီဝအချက်အလက်ဒေတာများ အသုံးပြုပုံ၊ ကာကွယ်ထားပုံတို့နှင့် ပတ်သက်၍သီးခြားအချက်အလက်များကို ဤ လိပ်စာ တွင် ကြည့်ရှုပါ

အထက်ပါ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကနေဒါနိုင်ငံ ပြည်ဝင်ခွင့်၊ ဒုက္ခသည်များနှင့် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာအဖွဲ့အစည်း (IRCC)ထံသို့ သင်၏ ဗီဇာနှင့် ပါမစ် တောင်းဆိုမှုများ ဆောင်ရွက်နိုင်အောင် လိုအပ်သည့် အချက်အလက်များ ပေးအပ်ရန်အတွက် ရယူပါသည်။ လျှောက်ထားမှုကို IRCC က ဆောင်ရွက်သည်နှင့် လျှောက်လွှာတင်သွင်းချိန်တွင် ခွင့်ပြုသည့်ပုံစံအတိုင်း သင့်ပတ်စပို့နှင့် စာရွက်စာတမ်းများကို ပြန်ပို့ရာတွင်လည်း ဤကိုယ်ရေးကိုယ်တာ အချက်အလက်များကို အသုံးပြုနိုင်ပါသည်။

ကျွန်ုပ်တို့၏ ဗီဇာလျှောက်ထားမှု စင်တာများတွင် ဒေသဆိုင်ရာဥပဒေအရ ခွင့်ပြုထားပါက ဗီဇာလျှောက်ထားသူများနှင့် ဝန်ထမ်းများအား လုံခြုံမှုရှိစေရန်အတွက် CCTVစနစ်များကို အသုံးပြုပါသည်။ ထို့နောက်တွင် ဒေသဆိုင်ရာ ဥပဒေ သတ်မှတ်ချက်များနှင့်အညီ CCTVရုပ်ပုံများကို ဖျက်ပစ်ပါသည်။ ဗီဇာလျှောက်ထားမှုစင်တာတွင် CCTVအသုံးပြုမှုနှင့်ပတ်သက်၍ နောက်ထပ်အချက်အလက်များကို သိရှိလိုပါက ကျွန်ုပ်တို့၏ ဒေတာကာကွယ်ရေးအရာရှိ ကို ဆက်သွယ်ပါ။

လျှောက်လွှာအခြေအနေကို ဖုန်းဖြင့်မေးမြန်းရန်စင်တာ-

လျှောက်ထားသူများသည် မိမိတို့၏ ဗီဇာ၊ ပါမစ် သို့မဟုတ် ခရီးသွားလာမှု စာရွက်စာတမ်း လျှောက်ထားမှုများ၏ အခြေအနေ တိုးတက်မှုကို သိရှိရန်အတွက် မိမိတို့၏ အမည်၊ ရည်ညွှန်းနံပါတ် သို့မဟုတ် သီးခြားလျှောက်လွှာ ခြေရာခံသည့် အမှတ်အသားနံပါတ်တို့ကို တယ်လီဖုန်းဖြင့် ပေးအပ်ရန် ရွေးချယ်နိုင်ပါသည်။

အွန်လိုင်းမှ လျှောက်လွှာခြေရာခံခြင်း-

လျှောက်ထားသူများသည် မိမိတို့လျှောက်လွှာ၏ အခြေအနေကို ခြေရာခံရန်အတွက် ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်၌ မွေးသက္ကရာဇ်နှင့် ခြေရာခံသည့် အမှတ်အသားနံပါတ်ကို ပေးအပ်ရန် လိုပါမည်။

လျှောက်ထားသူ၏ စုံစမ်းမေးမြန်းမှုများ-

အောက်ပါတို့ကဲ့သို့ ကန့်သတ်ထားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကျွန်ုပ်တို့ရယူနိုင်ပါသည်-

  • ခေါ်ဝေါ်သောအမည် (ပထမစာလုံး) နှင့် မိသားစုအမည်။

  • မွေးသက္ကရာဇ်၊

  • ဖုန်းနံပါတ်၊

  • နေရပ်လိပ်စာ၊

  • အီးမေးလ်လိပ်စာ၊

  • လျှောက်ထားသောနေ့စွဲ၊

  • ခြေရာခံသည့် အမှတ်အသားနံပါတ်၊

စုံစမ်းရန် သို့မဟုတ် မှတ်ချက်ပြုရန် ကျွန်ုပ်တို့ထံသို့ ဖုန်းဖြင့် ဆက်သွယ်သောအခါ ဆက်သွယ်မှုပြုနေစဉ်အတွင်း တောင်းဆိုသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များထက်ပို၍ ပေးအပ်စရာမလိုပါ။ အီးမေးလ်ဖြင့် တောင်းဆိုသော ဝန်ဆောင်မှု သို့မဟုတ် လျှောက်ထားမှုတို့၏ သီးခြားသဘောသဘာဝကို လျှောက်ထားသူများက ထုတ်ဖော်မပြောရန် ကျွန်ုပ်တို့ ထောက်ခံအကြံပြုပါသည်။

ထပ်ဆောင်း “ဝန်ဆောင်မှုများ” ပေးအပ်ရန် VFS Globalက ပေးအပ်ခိုင်းနိုင်သည့် အချက်အလက်များ။

VFS Globalသည် တောင်းဆိုမှုရှိပါက စာရွက်စာတမ်း ပေးပို့သည့် ဝန်ဆောင်မှုကို ဆောင်ရွက်ပေးရန် အောက်ပါ ဆက်သွယ်ရန် အချက်အလက်များကို တောင်းဆိုနိုင်ပါသည်-

  • ခေါ်ဝေါ်သောအမည် (ပထမစာလုံး) နှင့် မိသားစုအမည်။

  • ပေးပို့ရန်လိပ်စာ၊

  • မိုဘိုင်းဖုန်းနံပါတ်။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သို့ ဝင်ရောက်သောအခါ အချက်အလက်များ ရယူခြင်းနှင့် အသုံးပြုခြင်း-

အခြားသောဝက်ဆိုက်များလိုပင် VFS Global ဝက်ဘ်ဆိုက်များတွင် Cookiesအသုံးပြုပါသည်။ ‘Cookies’ ဆိုသည်မှာ သင်၏ဘရောက်ဆာထံသို့ အဖွဲ့အစည်းတစ်ခုက ပေးပို့ပြီး သင်၏စက်ထဲတွင် သိမ်းဆည်းသည့် သေးငယ်သော အချက်အလက်အစိတ်အပိုင်းများဖြစ်သည်။ ယင်းတို့ကို ကျွန်ုပ်တို့အသုံးပြုရသည့် ရည်ရွယ်ချက်တစ်ခုမှာ သင်၏ရှာဖွေကြည့်ရှုမှု ဆောင်ရွက်ချက်များနှင့် ပုံစံများအကြောင်း စာရင်းဇယားဆိုင်ရာ အချက်အလက်များ ရယူစုဆောင်းပေးရန် ဖြစ်သော်လည်း ယင်းတို့သည် သင့်အား တစ်ဦးတစ်ယောက်အနေနှင့် ကျွန်ုပ်တို့ထံသို့ အမှတ်အသား ဖော်ပြခြင်း မပြုလုပ်ပါ။ အခြားအသုံးပြုမှုများမှာ သင်နှစ်သက်သော ဘာသာစကားကို သတ်မှတ်ရန်နှင့် သင်ဝင်ရောက်ထားသော စာမျက်နှာများကို သင့်ဘရောက်ဆာအား အသိပေးရန် ဖြစ်ပါသည်။ သို့မှသာ သင်က “နောက်ပြန်” ဆောင်ရွက်မှုကို အသုံးပြုနိုင်ပါသည်။ Cookiesသည် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များ တိုးတက်ကောင်းမွန်ကာ ပိုပြီးတစ်ဦးချင်းဆန်သော ဝန်ဆောင်မှုကို ပေးအပ်နိုင်အောင် ကျွန်ုပ်တို့အား ကူညီပါသည်။

ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များသို့ သင်ဝင်ရောက်သောအခါ Cookies အသုံးပြုမှုကို သင်က လက်ခံခြင်း၊ ငြင်းဆိုခြင်း ပြုလုပ်ရန် သင့်အားရွေးချယ်ခွင့် ပေးထားပါသည်။ Cookiesဆက်တင်ကို သင်ကအချိန်မရွေး ပြောင်းလဲရန် ခလုတ်

8. သင့်ဒေတာများကို ပြည်ပသို့ လွှဲပြောင်းခြင်း။

သင်၏ဗီဇာလျှောက်ထားမှု မြန်ဆန်စေရန်နှင့် ရက်ချိန်းရယူစီစဉ်ခြင်း၊ သင့်လျှောက်လွှာကို ခြေရာခံခြင်းကဲ့သို့ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်အတွက် သင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များကို VFS Global လုပ်ငန်းတွင်း၌လည်းကောင်း၊ ကနေဒါနိုင်ငံရှိ ကျွန်ုပ်တို့၏ ဒေတာစင်တာတစ်ခုသို့လည်းကောင်း ကနေဒါနိုင်ငံနှင့် ချုပ်ဆိုသော ကျွန်ုပ်တို့၏စာချုပ်အရ လိုအပ်ချက်အတိုင်း ကျွန်ုပ်တို့ လွှဲပြောင်းပေးပါမည်။

သင်၏ဗီဇာလျှောက်ထားမှုအတွက် ပေးအပ်သော ကိုယ်ရေးကိုယ်တာ ဒေတာများကို ဗီဇာလျှောက်ထားမှု ဖြေရှင်းဆောင်ရွက်သည့် သိရှိပြီးဖြစ်သော IRCCရုံးထံသို့ တိုက်ရိုက်ပေးပို့ပါမည်။ သိရှိပြီးဖြစ်သော IRCCရုံးသည် သင်နေထိုင်ရာနိုင်ငံ၌ တည်ရှိချင်မှတည်ရှိပါမည်။

ဒေတာထားရှိခြင်း-

သင့်နိုင်ငံဥပဒေအရ ကိုယ်ရေးကိုယ်တာ ဒေတာများကို သင့်နိုင်ငံတွင် ထားရှိရမည်ဟု သတ်မှတ်ထားပါက VFS Globalသည် ထိုဥပဒေအတိုင်း လေးစားလိုက်နာပါမည်။ ဤသည်မှာ အထက်ပါ အပိုဒ် 2 (လွှမ်းခြုံမှု) တွင် ဖော်ပြထားသည့် ကိုယ်ရေးကိုယ်တာ ဒေတာများနှင့်သာ သက်ဆိုင်ပါသည်။

ကျွန်ုပ်တို့၏ ဒေတာလွှဲပြောင်းမှု လုပ်ငန်းရပ်များနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့၏ ဒေတာကာကွယ်ရေးအရာရှိ ကို ဆက်သွယ်ပါ။

9. သင့်ဒေတာများကို မည်မျှကြာမြင့်စွာ ထိန်းသိမ်းထားပါသနည်း။

သင်၏ ဗီဇာလျှောက်ထားမှု ကိုယ်ရေးကိုယ်တာ ဒေတာများကို ကနေဒါ သံတမန်မစ်ရှင်အဖွဲ့ထံ အောင်မြင်စွာ လွှဲပြောင်းပြီးပါက VFS Global၏ နည်းပညာစနစ်များမှနေ၍ ဖျက်ပစ်ပါမည်။

သင်၏အမည်နှင့် ဆက်သွယ်ရန် အချက်အလက်များနှင့်တကွ ပတ်စပို့နံပါတ်တို့ကိုသာလျှင် ရက်ချိန်းရယူစီစဉ်ပေးရန်၊ သင့်ဗီဇာလျှောက်ထားသည့် တိုးတက်မှုကို ခြေရာခံရန်နှင့် သင့်စာရွက်စာတမ်းများကို သင့်ထံပြန်ပို့ရန် ရည်ရွယ်ချက် များဖြင့် ထိန်းသိမ်းထားပါမည်။ သင့်အား ဝန်ဆောင်မှုများ ပေးအပ်ပြီးနောက် ရက်ပေါင်း သုံးဆယ် (30) အတွင်း သို့မဟုတ် ကနေဒါနိုင်ငံနှင့် သဘောတူညီထားသည့်အတိုင်း ဤကိုယ်ရေးကိုယ်တာ ဒေတာများကို ဖျက်ပစ်ပါသည်။

ကျွန်ုပ်တို့ VAC၏ ကိုယ်တိုင်ဆောင်ရွက်သောနေရာတစ်ခုကို သင်အသုံးပြုပါက ဤနေရာ၌ ဒေတာများကို အသုံးပြုမှု တစ်ကြိမ်ပြီးသွားတိုင်း ဖျက်ပစ်ပါသည်။

နောက်ဆက်တွဲ မေးခွန်းများ သို့မဟုတ် တိုင်ကြားချက်များအတွက် ကျွန်ုပ်တို့ထံ သင်ဆက်သွယ်ပါက သင်၏ ဆက်သွယ်ရန်အချက်အလက်၊ လျှောက်လွှာ ရည်ညွှန်းနံပါတ်တို့ကို သင့်ကိစ္စ ပြေလည်အောင်ဆောင်ရွက်နေသည့် အချိန်အတွင်း ကျွန်ုပ်တို့ထိန်းသိမ်းထားနိုင်ပါသည်။

ကျွန်ုပ်တို့၏ ဥပဒေအရတာဝန်ခံမှုများ ပြည့်စုံစေရန် (ဥပမာ၊ အခွန်ကောက်ခံမှုဥပဒေအရ ငွေတောင်းခံလွှာများ) အချို့သတင်းအချက်အလက်အမျိုးအစားများကို ကျွန်ုပ်တို့ ထိန်းသိမ်းထားရန် ဥပဒေအရ လိုအပ်ပါသည်။

10. သင့်အချက်အလက်များကို ကျွန်ုပ်တို့က ဘယ်သူတွေနှင့် မျှဝေပါသနည်း။

သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို တရားဝင်ခွင့်ပြုချက်ရသော ဝန်ဆောင်မှုပေးသူတစ်ဦးအဖြစ် ကနေဒါအစိုးရထံသို့ ကျွန်ုပ်တို့မျှဝေပါသည်။ ဤအချက်အလက်များထဲတွင် သင့်ဗီဇာလျှောက်ထားမှုကို ပံ့ပိုးပေးရန် သင်ပေးထားသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပါဝင်ပါသည်။

သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စာရွက်စာတမ်း ပေးပို့သောကုမ္ပဏီကဲ့သို့ ကြားခံပုဂ္ဂိုလ် အဖွဲ့အစည်းများအား သင့်သဘောတူခွင့်ပြုချက် မရရှိဘဲ ကျွန်ုပ်တို့ မျှဝေမည်မဟုတ်ပါ။ ဤသဘောတူခွင့်ပြုချက်ကို သင်က နှုတ်အားဖြင့်၊ စာအားဖြင့် သို့မဟုတ် အွန်လိုင်းဖြင့် သဘောတူခွင့်ပြုချက် ပေးခြင်းတို့ကဲ့သို့ အတိအလင်း ဖြစ်နိုင်ပါသည်။ သို့တည်းမဟုတ် ရွေးချယ်နိုင်သည့် ထပ်ဆောင်းဝန်ဆောင်မှုကို ဆောင်ရွက်ပေးရန် ကျွန်ုပ်တို့နှင့် စာချုပ် ချုပ်ဆိုခြင်းကဲ့သို့ ယူဆ၍လည်း ဖြစ်နိုင်ပါသည်။

ကျေနပ်ဖွယ်ရှိသည့် ဒေတာကာကွယ်ရေးနည်းလမ်းများ အသင့်ထားရှိပြီး ကနေဒါအစိုးရက ခွင့်ပြုထားသည့် တွဲဖက်လုပ်ငန်းများကိုသာ ကျွန်ုပ်တို့ အသုံးပြုပါသည်။

ပြည်သူ့အာဏာပိုင်တစ်ဦးက တောင်းဆိုသောအခါ၊ ထိုတောင်းဆိုမှုသည် တရားရုံးအမိန့်၊ ကနေဒါနိုင်ငံ၏ ခွင့်ပြုချက်တို့နှင့် ပံ့ပိုးမှုရှိမှသာ ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုသာ ကျွန်ုပ်တို့ ထုတ်ပြောပါမည်။

တိုင်ကြားချက်၊ တောင်းဆိုချက်၊ ဒေတာရယူရန် တောင်းဆိုချက်တို့နှင့် ဆက်စပ်၍ဖြစ်စေ၊ ကနေဒါအစိုးရက တောင်းဆို၍ ဖြစ်စေ သင်နှင့် ကျွန်ုပ်တို့၏ အပြန်အလှန် ဆက်သွယ်မှုဆိုင်ရာ အချက်အလက်များကိုလည်း ကနေဒါအစိုးရထံ ကျွန်ုပ်တို့ မျှဝေနိုင်ပါသည်။

11. သင်၏ကိုယ်ရေးကိုယ်တာ ဒေတာများ နှင့်ပတ်သက်၍ သင်၏တစ်ဦးချင်း အခွင့်အရေးများ။

ထပ်ဆောင်းဝန်ဆောင်မှုများ တောင်းဆိုသောအခါ သင်ပေးအပ်သော ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ပတ်သက်၍ သင့်နိုင်ငံ၏ ဒေတာကာကွယ်ရေးဥပဒေအရ သင့်မှာ အခွင့်အရေးအချို့ ရှိပါသည်။

ထိုအခွင့်အရေးများမှာ-

  • သင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များ အသုံးပြုပုံကို သင်ကသိရှိပိုင်ခွင့်။

  • သင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များ အသုံးပြုပုံကို သင်ကသိရှိပိုင်ခွင့်။

  • သင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များ မမှန်ကန်ပါက ပြင်ဆင်ပိုင်ခွင့်။

  • သင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သေချာအောင်ဆောင်ရွက်စေခွင့် (ဥပဒေအရ ဤသို့ခွင့်ပြုသောအခါ)။

  • သင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များ ဆောင်ရွက်မှုကို ကန့်သတ်ပိုင်ခွင့်။

  • ဒေတာ ပြောင်းရွှေ့ပိုင်ခွင့်။

  • သင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များ အသုံးပြုပုံကို ကန့်ကွက်ပိုင်ခွင့်။

  • အလိုအလျောက် ဆုံးဖြတ်ချက်ချခြင်းနှင့် စုဆောင်းပြုစုခြင်းတို့နှင့် ဆက်စပ်သော အခွင့်အရေးများ။

မှတ်ချက်- အချို့အခွင့်အရေးများ ရရှိခြင်းမှာ သင်နေထိုင်ရာနိုင်ငံအပေါ်၌လည်းကောင်း၊ လျှောက်လွှာတင်သွင်းသည့် ဦးတည်ရာနိုင်ငံအပေါ်၌လည်းကောင်း မူတည်နိုင်ပါသည်။

သင့်အခွင့်အရေးများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်-

Office of the Privacy Commissioner of Canada (ကနေဒါနိုင်ငံ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကော်မရှင်နာရုံး)

30, Victoria Street

Gatineau, Quebec, Canada

K1A 1H3

https://www.priv.gc.ca/en/report-a-concern/

သို့မဟုတ် ကျွန်ုပ်တို့၏ ဒေတာကာကွယ်ရေးအရာရှိ ကို ဆက်သွယ်ပါ။

12. သင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူကြည့်ရှုခြင်း သို့မဟုတ် အသစ်ပြင်ဆင်ခြင်း။

သင်နှင့်ပတ်သက်၍ VFS Globalက ထိန်းသိမ်းထားရှိသော အချက်အလက်မိတ္တုကို ရယူကြည့်ရှုခွင့်နှင့် တောင်းဆိုခွင့် သင့်မှာရှိပါသည်။ သင်၏ဗီဇာလျှောက်ထားမှုကို ပံ့ပိုးရန် သင်ပေးထားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူကြည့်ရှုခွင့် သို့မဟုတ် ယင်း၏ မိတ္တူကို ကျွန်ုပ်တို့က ပေးအပ်၍မရနိုင်ပါ။ ထိုအတွက် သိရှိပြီးဖြစ်သော IRCCရုံးကို ဆက်သွယ်ရပါမည်။

သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူရန် သင်တောင်းဆိုပါက သက်ဆိုင်ရာ ဥပဒေ သတ်မှတ်ချက်များ၊ ကင်းလွတ်ခွင့်များပေါ် မူတည်၍ ကျွန်ုပ်တို့ဝမ်းမြောက်စွာ လေးစားလိုက်နာပါမည်။ သင့်အားဒေတာများ မပေးမီ သက်ဆိုင်ရာ ဒေတာတစ်ခုခုကို ကျွန်ုပ်တို့ ရှာဖွေတွေ့ရှိနိုင်ရန်အတွက် သက်သေခံ အမှတ်အသားနှင့် ကျွန်ုပ်တို့နှင့် သင်၏အပြန်အလှန်ဆက်သွယ်မှုဆိုင်ရာ လုံလောက်သော အချက်အလက်များကို ကျွန်ုပ်တို့ တောင်းခံပါမည်။

သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ရယူကြည့်ရှုရန်။

13. သင့်ဒေတာများကို မည်ကဲ့သို့ ကာကွယ်ထားပါသနည်း။

ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကျွန်ုပ်တို့ထံ ပေးသောအခါ ၎င်းကိုလုံခြုံစွာ သေချာထားရှိရန် ကျွန်ုပ်တို့ အဆင့်ဆင့်ဆောင်ရွက်ပါသည်။ လျှို့ဝှက်အချက်အလက်တိုင်းကို လွှဲပြောင်းသောအခါနှင့် သိမ်းဆည်းသောအခါတွင် လျှို့ဝှက်ပြုလုပ်၍ ကာကွယ်ပါသည်။ ကနေဒါအစိုးရနှင့် ကျွန်ုပ်တို့ချုပ်ဆိုသည့် စာချုပ်ပါ လုံခြုံရေး သတ်မှတ်ချက်များ အတိုင်း လိုက်နာခြင်းဖြင့် သင်၏ကိုယ်ရေးကိုယ်တာ ဒေတာများကို ကျွန်ုပ်တို့ ကာကွယ်ပါသည်။ ထိုစာချုပ်တွင် စာချုပ် ချုပ်ဆိုသူတစ်ဦးသည် ကိုယ်ရေးကိုယ်တာ အချက်အလက်တစ်ခုခု၏ လုံခြုံမှုကို ကနေဒါဥပဒေအရ ယူဆထားသည့် အတိုင်း၊ အထူးသဖြင့် ပုဂ္ဂိုလ်ရေးလုံခြုံမှုအက်ဥပဒေ (1985) နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များ ကာကွယ်ရေးနှင့် အီလက်ထရွန်းနစ်စာရွက်စာတမ်း အက်ဥပဒေ (2000)တို့အရ အမြဲတမ်း ကာကွယ်ရမည်ဟု ဖော်ပြထားပါသည်။

ကျွန်ုပ်တို့၏ ဗီဇာလျှောက်ထားမှုစင်တာများသည် သတင်းအချက်အလက်များ လုံခြုံစွာအသုံးပြုမှု စံချိန်စံညွှန်း ISO/IEC 27001:2013အသိအမှတ်ပြုခံထားရပါသည်။ ထို့ကြောင့် VFSသည် သင့်အချက်အလက်များကို လွတ်လပ်သော အဖွဲ့အစည်းတစ်ခုဖြင့် စစ်ဆေးအတည်ပြုကြောင်း သေချာစေပါသည်။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်များတွင် သင်က လုံခြုံမှုရှိသောစာမျက်နှာတစ်ခုသို့ ဝင်ရောက်သောအခါ ဝက်ဘ်ဆိုက် ဘရောက်ဆာအများစုတွင် လိပ်စာဘားတန်း၌ သော့ခတ်ထားသည့်ပုံ ပေါ်နေပါမည်။ ယင်းမှာ သင့်ဘရောက်ဆာမှ ကျွန်ုပ်တို့၏ ဝက်ဘ်ဆာဗာများသို့ အချက်အလက်များ လွှဲပြောင်းမှုကို လုံခြုံအောင် လျှို့ဝှက်ပြုလုပ်ထားသည်ဟု ဆိုလိုပါသည်။

အီးမေးလ်များကို အင်တာနက်ပေါ်တွင် လျှို့ဝှက်မှုမပြုလုပ်ဘဲ လွှဲပြောင်းနိုင်သည်ကို မမေ့စေလိုပါ။ ထိုအခါ အမြဲတမ်း 100%လုံခြုံမည်ဟု အာမခံနိုင်ခြင်း မရှိပါ။ သို့ဖြစ်ရာ ကျွန်ုပ်တို့နှင့် ဆက်သွယ်သောအခါ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အီးမေးထဲတွင် မဖော်ပြပါနှင့်။ ထိုသို့ဖော်ပြပါက သင့်အတွက်အန္တရာယ် ရှိပါသည်။

14. ပုဂ္ဂိုလ်ရေးဆိုင်ရာ စိုးရိမ်မှုများရှိပါက မည်သူ့ထံသို့ ဆက်သွယ်ရမည်နည်း။

သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မမှန်မကန် ကိုင်တွယ်ဆောင်ရွက်ကြောင်း ခံစားရလျှင်ဖြစ်စေ၊ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ကိုင်တွယ်/အသုံးပြုပုံအတွက် တိုင်ကြားလိုလျှင်ဖြစ်စေ သင့်မှာတိုင်ကြားခွင့် ရှိပါသည်။

ကျွန်ုပ်တို့၏ ဒေတာကာကွယ်ရေးအရာရှိ ကိုဖြစ်စေ၊ ကနေဒါနိုင်ငံ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကော်မရှင်နာရုံးကိုဖြစ်စေ တိုင်ကြားနိုင်ပြီး VFS Globalကဆောင်ရွက်သည့် ဒေတာစီမံဆောင်ရွက်မှုကြောင့် သင့်အခွင့်အရေးများအား မည်သို့ထိခိုက်မှုရှိသည်ဟု သင်ထင်မြင်ကြောင်း ဖော်ပြပါ။

သင့်အခွင့်အရေးများနှင့် ပတ်သက်၍ နောက်ထပ်သိရှိလိုပါက ဆက်သွယ်ရန်-

Office of the Privacy Commissioner of Canada (ကနေဒါနိုင်ငံ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကော်မရှင်နာရုံး)

30, Victoria Street

Gatineau, Quebec, Canada

K1A 1H3

https://www.priv.gc.ca/en/report-a-concern/

VFS Global၏ ဥရောပသမဂ္ဂ ဦးဆောင်ကြီးကြပ်ရေးအာဏာပိုင်အဖွဲ့မှာ-

The Data Protection Commission for Ireland (အိုင်ယာလန်နိုင်ငံအတွက် ဒေတာကာကွယ်ရေးကော်မရှင်)

21 Fitzwilliam Square South

Dublin 2

D02 RD28

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်။

ဤပုဂ္ဂိုလ်ရေးဆိုင်ရာ အသိပေးချက် သို့မဟုတ် ကျွန်ုပ်တို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကျင့်သုံးမှုများနှင့်ပတ်သက်၍ သင့်မှာမေးစရာများရှိသည်ကို ကျွန်ုပ်တို့နားလည်ပါသည်။ အောက်ပါနည်းလမ်းတစ်ခုခုဖြင့် ကျွန်ုပ်တို့ထံသို့ အချိန်မရွေးဆက်သွယ်လိုက်ပါ-

VFS Global ၏ ဒေတာကာကွယ်ရေးအရာရှိ-

အီးမေးလ်- DPO @ vfsglobal.comစာပို့ရန်လိပ်စာ- VF Worldwide Holdings Ltd,

Unit 3205, 32nd Floor,

Jumeirah Business Centre,

1 Tower, Cluster G,

Jumeirah Lakes Towers,

P.O. Box 114100,

Dubai,

UAE.

 

 

လိမ်လည်သောအလုပ်ကမ်းလမ်းချက်များသတိပြုရန်

လိမ်လည်အလုပ်ခန့်အပ်ခြင်း (သို့မဟုတ်) အလုပ်အကိုင်ကမ်းလမ်းမှုများ

VFS Global အနေဖြင့် ဗီဇာလျှောက်ထားသူများအား သတိပေးလိုသည်မှာ အချို့သောလိမ်လည်သူများသည် VFS Global ၏အေးဂျင့် သို့မဟုတ် ပြောရေးဆိုခွင့်ရှိသူအနေဖြင့် အသွင်ယူကာ လိမ်လည်အလုပ်ခန့်ခြင်း (သို့မဟုတ်) အလုပ်အကိုင်ကမ်းလှမ်းကာ ငွေများအားလိမ်လည်တောင်းခံခြင်း၊ ကိုယ်ပိုင်အချက်အလက်များအား လိမ်လည်တောင်းခံလျှက်ရှိပါသည်။ ထိုသို့သော အလုပ်ဗီဇာများရရှိမည်ဆိုကာ ငွေများကောက်ခံခြင်း အလုပ်ကမ်းလှမ်းခြင်းများအား မိမိတို့အနေဖြင့် သတိရှိစွာ လေ့လာရမည်ဖြစ်ပါသည်။ VFS Global အနေဖြင့် ထိုသို့သော အလုပ်ကမ်းလှမ်းခြင်းများ ခန့်အပ်ခြင်းများလုပ်ဆောင်သော ဌာနတစ်ခုမဟုတ်ပါ။ ထိုသို့သောလိမ်လည်မှုများသည် အင်တာနက်၊ အီးမေးလ်၊ တယ်လီဖုန်းဖြင့်ပြုလုပ်လေ့ရှိပါသည်။ ကျွန်ုပ်တို့အနေဖြင့် ထိုသို့သော လိမ်လည်မှုများအား သတိရှိကြရန် အသိပေးလိုပါသည်။.

VFS Globalသည် အစိုးရနှင့် တရားဝင်ဌာနဆိုင်ရာများအတွက် ဗီဇာလျှောက်ထားခြင်းဆိုင်ရာကိစ္စရပ်များ အဆင်ပြေစေရန် ကူညီထောက်ပံ့ပေးသော ဌာနတစ်ခုသာဖြစ်ပါသည်။ VFS Global သော်လည်းကောင်း ကျွန်ုပ်တို့နှင့်ပတ်သက်သော မည်သည့်ရုံးများမဆိုသည် အလုပ်ခန့်အပ်ခြင်များ ငွေတောင်းခံခြင်းများအား မပြုလုပ်ပါ။ သင်သည်ထိုသို့သော ကမ်းလှမ်းမှုများရရှိလာပါက ထိုသို့သော ကမ်းလှမ်းမှုများသည် လိမ်လည်မှုများသာဖြစ်ပါသည်။.

 

လိမ်လည်အလုပ်ခန့်အပ်ခြင်းလက္ခဏာများ

တွေ့ရှိချက်များ:

  • ဖြစ်နိုင်ချေရှိသောအီးမေးလ်လိပ်စာအတုများမှာ Gmail, Outlook, Yahoo တို့ဖြင့်ပေးပို့ရာမှတဆင့် • ကိုယ်ရေးအချက်အလက်များထုတ်ဖေါ်ပြောကြားရန် တောင်းခံလာခြင်း • စာပို့ပရိုဂရမ်း (သို့မဟုတ်) ဖုန်းမှတဆင့်အင်တာဗျူးဖြေဆိုရန် တောင်ခံလာခြင်း • ၀န်ဆောင်ခတောင်းခံလာခြင်း • အထောက်အထားအတုဖြင့် အလုပ်ဗီဇာ (သို့မဟုတ်) အလုပ်ခန့်အပ်ခြင်းဆိုင်ရာစာရွက်စာတမ်းများဖြည့်ရန် တောင်းခံလာခြင်း • အရေးတကြီးဖြင့်တစ်စုံတစ်ရာတောင်းခံလာခြင်း • အလုပ်ပါမစ်နှင့် ဗီဇာလျှောက်လွှာအတွက် ငွေကြေးတောင်းခံခြင်း တို့ပြုလုပ်နိုင်သည်။.

 

ဤကဲ့သို့သော အကြောင်းအရာများဖြင့် လိမ်လည်ခံရမည့်သူထံမှ လိမ်လည်ခြင်း သို့မဟုတ် ကိုယ်ရေးအချက်အလက်ရယူရန် ရည်ရွယ်လုပ်ဆောင်မည်ဖြစ်သည်။.

ထိုသို့သော သူများ၏ လုပ်ဆောင်ချက်များတွင် ပြစ်မှုကျူးလွန်မှုများပါဝင်နေသည်။ ထိုသို့သော အရာများအား VFS Global မှပြင်းထန်စွာအရေးယူမှုများပြုလုပ်ပြီး ဥပဒေရေးရာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းရှာဖွေဖော်ထုတ်သွားမည်ဖြစ်ပါသည်။ သို့သော် ထိုသို့သောသူများအား ရှာဖွေရန်မှာ တချို့သောကိစ္စရပ်များ၌ အခက်အခဲရှိနိုင်ပါသည်။.

သို့ဖြစ်ပါသောကြောင့် သင်သည် ထိုသို့သော သံသယဖြစ်ဖွယ်အလုပ်ကမ်းလှမ်းမှုများအား စာဖြင့်သော်လည်းကောင်း၊ အသံဖြင့်သော်လည်းကောင်း လက်ခံရရှိပါက လစ်လျူရှုပါရန် တိုက်တွန်းအပ်ပါသည်။ သင်သည် VFS Global ဖြင့်လည်းထိုသို့သော အကြောင်းအရာများနှင့်ပတ်သက်ပြီး အောက်ပါလင့်ခ်၌ လေ့လာသိရှိနိုင်ပါသည်။ [email protected]

လိမ်လည်ခံရသည်ကို သိရှိပါက သင်၏ဒေသခံရဲ သို့မဟုတ် အရည်အချင်းရှိ အာဏာပိုင်များသို့ဆက်သွယ်အကြောင်းကြားရန်နှင့် အောက်ပါလိပ်စာသို့လဲသတင်းပေးနိုင်ပါသည်။ [email protected]

အခွင့်အာဏာမရှိသော သို့မဟုတ် လုပ်ဆောင်ချက်တို့ထံမှဖြစ်ပေါ်လာသောမည်သည့် ပျက်စီးဆုံးရှုံးမှု၊ အဆင်မပြေမှုနှင့် ကုန်ကျစရိတ်တို့ကို VFS Global မှတာဝန်ယူမည်မဟုတ်ပါ။.

VAC တွင်ပေးထားသောဝန်ဆောင်မှုများအတွက်ဝန်ဆောင်ခ

ဝန်ဆောင်မှုဈေးနှုန်း (လျှောက်ထားသူတစ် ဦး လျှင်)CAD ငွေပမာဏ (VAT အပါအ ၀ င်)အမေရိကန်ဒေါ်လာရှိငွေပမာဏ (VAT အပါအဝင်)

မိတၱဴဝန်ဆောင်မှုများ - တစ်မျက်နှာချင်းဈေးနှုန်း

$0.330.20

ကွန်ပျူတာမှစာရွက်ထုတ်ယူမှု တစ်မျက်နှာနှုန်း

$0.640.40

စာတိုဝန်ဆောင်မှု

$3.002.00