ဝန်ဆောင်ခ

ဝန်ဆောင်ခ

အောက်ပါအခကြေးငွေများသည် 2026 ခုနှစ် မေလ 1 ရက်နေ့မှ စတင်၍ အကျုံးဝင်မည်ဖြစ်ပါသည်။

သင်၏ IRCC လျှောက်လွှာအတွက်ဇီဝဗေဒအချက်အလက် တင်သွင်းရန် လိုအပ်ပါက သင်သည် ကနေဒါအစိုးရထံသို့ ဇီဝဗေဒ အခကြေးငွေကို ပေးဆောင်ရမည်ဖြစ်ပါသည်။ ဇီဝဗေဒ အခကြေးငွေပေးဆောင်ခြင်းရာတွင်ပါဝင်မှုများ

  • ဗီဇာလျှောက်လွှာစင်တာတွင် သင်၏ဒစ်ဂျစ်ဒယ် ဓါတ်ပုံနှင့် လက်ဗွေ စုဆောင်းခြင်း

  • IRCC နှင့်ဇီဝဗေဒတင်သွင်းခဲ့သောဗီဇာလျှောက်လွှာစင်တာအကြား သင်၏ပတ်စ်ပို့ကဲ့သို့သော သင်၏စာရွက်စာတမ်းများရွေ့ပြောင်းခြင်း

ဤသည်မှာဗီဇာလျှောက်လွှာစင်တာတွင်ဇီဝဗေဒတင်သွင်းလျင် အထုတ်သယ်ယူပို့ဆောင်‌ရေး ဝန်ဆောင်မှုတစ်ခုလည်း ရရှိမည်ဖြစ်ပါသည်။ ဤဝန်ဆောင်မှုသည် ဇီဝဗေဒတင်သွင်းခဲ့သောဗီဇာလျှောက်လွှာစင်တာ မှ IRCC သို့ သင်၏စာရွက်စာတမ်းများ ပေးပို့ခြင်းနှင့် IRCC မှ သင်၏လျှောက်လွှာအပေါ် ဆုံးဖြတ်ချက်ချပြီးနောက် ပြန်လည်ပေးပို့ခြင်းတို့ ပါဝင်မည်ဖြစ်ပါသည်။

အချို့သောအထူးသတ်မှတ်ချက်များရှိပါသည်။ သင်နှင့်သက်ဆိုင်နိုင်မည်ဖြစ်ကြောင်းကို ဂရုစိုက်ပြု၍ဖတ်ပါ။

  1. ၁။ သင်၏ အထုတ်သယ်ယူပို့ဆောင်‌ရေး ဝန်ဆောင်မှုတစ်ကြိမ်ကို အသုံးပြုပြီးသားဖြစ်ပါက၊ IRCC သို့ ထပ်မံစာရွက်စာတမ်းများ ပေးပို့ရန်အတွက် အထုတ်သယ်ယူပို့ဆောင်‌ရေး ဝန်ဆောင်မှုအခကြေးငွေကို ပေးဆောင်ရမည်ဖြစ်ပါသည်။

  2. ၂။ သင်သည်ဇီဝဗေဒအချက်အလက်ကိုဗီဇာလျှောက်လွှာစင်တာ တစ်ခုတွင် တင်သွင်းပြီး၊ စာရွက်စာတမ်းများကို မတူညီသောဗီဇာလျှောက်လွှာစင်တာ တစ်ခုတွင် တင်သွင်းပါက အထုတ်သယ်ယူပို့ဆောင်‌ရေး ဝန်ဆောင်မှုအခကြေးငွေကို ပေးဆောင်ရမည်ဖြစ်ပါသည်။ ဝန်ဆောင်မှုအခကြေးငွေသည် တူညီသောဇီဝဗေဒအချက်အလက်တင်သွင်းခဲ့သောဗီဇာလျှောက်လွှာစင်တာ နေရာတွင် စာရွက်စာတမ်းများ တင်သွင်းသည့်အခါ၌သာကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပါသည်။

  3. ၃။ သင် ဇီဝဗေဒအချက်အလက် ပေးဆောင်ရန်လိုအပ်ခြင်းမရှိပါက၊ သင်၏စာရွက်စာတမ်းများကိုဗီဇာလျှောက်လွှာစင်တာ မှတစ်ဆင့် IRCC သို့ ပေးပို့ရန်အတွက်အထုတ်သယ်ယူပို့ဆောင်‌ရေး ဝန်ဆောင်မှုအခကြေးငွေကို ပေးဆောင်ရမည်ဖြစ်ပါသည်။

ဖြတ်သန်းခွင့်ဗီဇာများ

သင်သည် တခြားနိုင်ငံသို့ ခရီးသွားရာတွင် ကနေဒါမှ ဖြတ်သန်းသွားလာရမည်ဆိုပါက၊ ဖြတ်သန်းခွင့်ဗီဇာလျှောက်ထားပြီး ဇီဝဗေဒအချက်အလက် ပေးရန်လိုအပ်နိုင်ပါသည်။ သို့သော် သင်သည် ဇီဝဗေဒအခကြေးငွေကို ကနေဒါအစိုးရထံသို့ ပေးဆောင်ရန်မလိုအပ်ပါ။ ဇီဝဗေဒအခကြေးငွေပေးဆောင်ထားခြင်းမရှိသောကြောင့်၊ သင်၏စာရွက်စာတမ်းများကိုဗီဇာလျှောက်လွှာစင်တာ မှတစ်ဆင့် IRCC သို့ ပေးပို့ရန်အတွက်အထုတ်သယ်ယူပို့ဆောင်‌ရေး ဝန်ဆောင်မှုအခကြေးငွေကို ပေးဆောင်ရမည်ဖြစ်ပါသည်။

သင်သည် အမေရိကန်သို့ ခရီးသွားလိုပါက ကနေဒါဖြတ်သန်းခွင့်ဗီဇာများ မလိုအပ်နိုင်ပါ။ ဖြတ်သန်းခွင့်ဗီဇာ ‌လျှောက်ထားရန်လိုအပ်သူများအကြောင်းကို ပိုမိုသိရှိရန် IRCC ဝက်ဘ်ဆိုက်သို့ သွားရောက်ကြည့်ရှုပါ။ IRCC - Transit through Canada.

ဗီဇာလျှောက်လွှာစင်တာ မှတစ်ဆင့် IRCC သို့ စာရွက်စာတမ်းလျှောက်လွှာဖြင့်တင်သွင်းခြင်း

IRCC သည် အများစုသော ရွှေ့ပြောင်းရေးအစီအစဉ်များအတွက် အွန်လိုင်းလျှောက်လွှာများကိုသာ လက်ခံပါသည်။ သို့သော် အချို့သောသီးသန့်အခြေအနေများစွာရှိပါသည်။ အချို့အကြောင်းအရာများတွင် ဗီဇာလျှောက်လွှာစင်တာ မှတစ်ဆင့် IRCC သို့ စာရွက်စာတမ်းလျှောက်လွှာများဖြင့်(ဇီဝဗေဒ ပါဝင်ခြင်းရှိ/မရှိ) လျှောက်ထားနိုင်မည်ဖြစ်ပါသည်။ စာရွက်စာတမ်းလျှောက်လွှာများဖြင့်လျှောက်လွှာတင်သွင်းခြင်းအတွက် Assisted Service - Paper Application ဝန်ဆောင်မှုမှုအခကြေးငွေကို ပေးဆောင်ရမည်ဖြစ်ပါသည်။

ငွေပေးချေမှုနည်းလမ်းများ

သင်၏ IRCC လျှောက်လွှာနှင့် ဇီဝဗေဒ အတွက်:

သင်၏လျှောက်လွှာအတွက် ကနေဒါအစိုးရအခကြေးငွေများကို IRCC ၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် အွန်လိုင်းဖြင့်သာပေးဆောင်နိုင်ပါသည်။ ဤအခကြေးငွေများကို မည်သို့ပေးဆောင်နိုင်သည်ကို သိရှိရန် ဤနေရာတွင်ကြည့်ပါ။ IRCC - How to pay your fees

မှတ်ချက် - ကနေဒါအစိုးရအခကြေးငွေများ၏ ပြန်အမ်းငွေအပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်းကိုဗီဇာလျှောက်လွှာစင်တာတွင် မရနိုင်ပါ။ ပြန်အမ်းငွေတောင်းဆိုရန် IRCCသို့ဝင်ရောက်ပြီး ပြန်အမ်းငွေတောင်းဆိုသောဖောင်ကိုတင်သွင်းရမည်ဖြစ်ပါသည်။ အသေးစိတ်ကို ဤနေရာတွင်ကြည့်ပါ။ IRCC - Ask for a refund

ကိုယ်တိုင်လာရောက်ခြင်း - ငွေသားဖြင့် (အမေရိကန်ဒေါ်လာ) သာ

မှတ်ချက် - ကနေဒါဗီဇာလျှောက်ထားရေးစင်တာတွင် ပြန်လည်ပို့ဆောင်ခြင်း ဝန်ဆောင်မှု မပေးပါ၊ ထို့ကြောင့် ကနေဒါသံရုံးမှ ပြန်ပေးပြီးနောက် သင်သည် ကနေဒါဗီဇာလျှောက်ထားရေးစင်တာမှ ပတ်စပို့ ကို ကိုယ်တိုင်လာရောက်ယူရမည်ဖြစ်သည်။

ကနေဒါအစိုးရထံ ပေးချေထားသော အခကြေးငွေ ပြန်အမ်းရန်အတွက်၊ အောက်ပါလင့်ခ်ကို နှိပ်၍ ကနေဒါအစိုးရထံ ပြန်အမ်းရန် တောင်းဆိုပါ

VAC တွင်ပေးထားသောဝန်ဆောင်မှုများအတွက်ဝန်ဆောင်ခ

ဝန်ဆောင်မှုဈေးနှုန်း (လျှောက်ထားသူတစ် ဦး လျှင်)CAD ငွေပမာဏ (VAT အပါအ ၀ င်)အမေရိကန်ဒေါ်လာရှိငွေပမာဏ (VAT အပါအဝင်)

မိတၱဴဝန်ဆောင်မှုများ - တစ်မျက်နှာချင်းဈေးနှုန်း

$0.330.20

ကွန်ပျူတာမှစာရွက်ထုတ်ယူမှု တစ်မျက်နှာနှုန်း

$0.640.40

စာတိုဝန်ဆောင်မှု

$3.002.00

VAC တွင် ပေးအပ်သော ဝန်ဆောင်မှုများအတွက် ဝန်ဆောင်ခ

ဝန်ဆောင်မှုများ(လျှောက်ထားသူတစ်ဦးချင်းစီအတွက်) CAD ဖြင့် ငွေပမာဏ(VAT အပါအဝင်) USD ဖြင့် ငွေပမာဏ(VAT အပါအဝင်)
လျှောက်လွှာလက်ခံဆောင်ရွက်မှုအတွက် ၀န်ဆောင်ခ $200.74 151.00
အကူအညီယူသော ဝန်ဆောင်မှု – အွန်လိုင်းဖောင်များ (eTA) (ဖောင်တစ်ခုလျှင်) $4.00 3.00
ဝန်ဆောင်မှု - စာရွက်လျှောက်လွှာများ(လျှောက်လွှာတစ်ခုလျှင်) $18.77 14.00
အကူအညီယူသော ဝန်ဆောင်မှု - စကန်ဖတ်ခြင်း (တစ်ရွက်လျှင်) $1.10 1.00
ကိုယ်တိုင်အသုံးပြုနိုင်သော အလုပ်ခုံ (တစ်နာရီလျှင်) $9.39 7.00
မိတ္တူကူးခြင်း (စာမျက်နှာတစ်မျက်နှာလျှင်) $0.33 0.20
ပုံနှိပ်ခြင်း (စာမျက်နှာတစ်မျက်နှာလျှင်) $0.64 0.40
စာတိုဝန်ဆောင်မှု (လျှောက်လွှာတစ်ခုလျှင်) $3.00 2.00

ဝန်ဆောင်ခများတွင် သက်ဆိုင်ရာ ဒေသဆိုင်ရာ အခွန်အားလုံး ပါဝင်ပြီး၊ ကနေဒါအစိုးရ၏ အသိပေးချက်အရ ပြောင်းလဲနိုင်ပါသည်။

**CAD အပြောင်းအလဲနှုန်းကို ကနေဒါအစိုးရက သတ်မှတ်ထားသည်

ဝန်ဆောင်ခသည် ၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့မှ စတင်ပါမည်။

စာတိုက်မှတစ်ဆင့် လျှောက်လွှာတင်သွင်းရမည့်ရက်စွဲသည် ဗီဇာလျှောက်လွှာစင်တာမှ လျှောက်လွှာကို လက်ခံရရှိသည့်ရက်စွဲဖြစ်လိမ့်မည်။ စာတိုက်မှတစ်ဆင့် လျှောက်လွှာတင်သွင်းပြီး လက်ရှိဝန်ဆောင်ခများအတွက် မှန်ကန်သောငွေပေးချေမှုမပါဝင်ပါက၊ ကွာဟချက်ကိုပေးချေရန် လျှောက်ထားသူအား ဆက်သွယ်ပါမည်၊ သို့မဟုတ် လျှောက်လွှာကို လျှောက်ထားသူထံ ပြန်လည်ပေးပို့ပါမည်။

ဗီဇာလျှောက်လွှာစင်တာတွင်ကိုယ်တိုင်အင်တာနက်အသုံးပြုခြင်း

ဗီဇာလျှောက်လွှာစင်တာသို့ လာရောက်သူများပြားပါကစင်တာ၏ကိုယ်တိုင်အင်တာနက်အသုံးပြုသောဝန်ဆောင်မှုကိုရယူရန် စောင့်ဆိုင်းရနိုင်ပါသည်။ စောင့်ဆိုင်းချိန်သည် မတူညီနိုင်ပါသည်။

ဗီဇာလျှောက်လွှာစင်တာ၏ကိုယ်တိုင်အင်တာနက်အသုံးပြုသောဝန်ဆောင်မှုကိုရယူလိုပါက portable USB flash drive (ယူအက်စ်ဘီ) ကို ယူဆောင်လာရန်လိုအပ်ပြီး အသုံးပြုပြီးပါက သင်နှင့်အတူပြန်လည်ယူဆောင်သွားရန်သေချာစေပါ။ သင်၏ flash drive ကို ဝန်ဆောင်မှုရယူသောနေရာတွင် မေ့ကျန်ထားမိခဲ့ပါက ဗီဇာလျှောက်လွှာစင်တာမှ ဆက်သွယ်မည်ဖြစ်ပြီး၊ ၄၈ နာရီအတွင်း ပြန်လည်မယူဆောင်သွားသော မည်သည့်ပစ္စည်းများကိုမဆို ဖျက်ဆီးလိုက်မည်ဖြစ်ပါသည်။